Search
Log in
My Task Manager is greyed out and not enabled. How can I enable it?
Thu Jan 01, 2009 12:49 am by Htinkyaw
အောက်မှာဖော်ပြပေးထားတဲ့ ပုံအတိုင်း task bar ကို right click ထောက်တဲ့အခါမှာ
task Manger မပေါါ်လို့ရှိခဲ့လို့ ရှိရင် ဘာလုပ်ရမလဲဆိုတာလေးကို ဖြေရှင်းရအောင်....
[ Full reading ]

Comments: 0
သူငယ်ချင်းများပျော်ရွှင်စေဖို့ဟာသလေးများ
Page 1 of 1
သူငယ်ချင်းများပျော်ရွှင်စေဖို့ဟာသလေးများ
စိတ်မဆိုးနဲ့တော့
၃ တန်းကျောင်းသားလေး မောင်အေးသည် ၊ အတန်းပိုင်ဆရာမကို "နင်" "ငါ"
အသုံးအနှုန်းဖြင့် ပြောလေ့ရှိ၏ ။ တစ်နေ့တွင် ပြစ်ဒဏ်ပေးသည့် အနေနှင့်
ဆရာမသည် "ဆရာမ" "ကျွန်တော်" ဟူသော စာလုံးများကို အကြိမ်၅၀ တိတိ
မောင်အေးအား ရေးခိုင်းသည် ။ မောင်အေးက အကြိမ် ၅၀ အစား အကြိမ်
၁၀၀ ရေးချလိုက်သည် ။ နောက်တွင် ယဉ်ကျေးသိမ်မွေ့စွာ
သုံးနှုံးပြောဆိုရမည်ကို
မောင်အေးသိကောင်းပြီ ဟု ဆရာမ ယူဆသည် နှင့်
"မင်းအပြစ်ကို သိပြီမဟုတ်လား မောင်အေး"
"ဟုတ်တယ် ၊ နောက်ငါ့ကို စိတ်မဆိုးနဲ့တော့နော်"
ပလတ်စတစ်ပန်းပါ
ဘာသာရေးဗဟုသုတရှိပုံရသော...အမျိုးသမီးနှစ်ယောက်ဖြတ်သွားရင်းနဲ့....စကားပြောနေကြသည်။
ပထမအမျိုးသမီး။ ။ငါနဲ့ငါ့ယောင်္ကျားတို့လည်း ပိပလိလုလင်နဲ့ မယ်ဘဒ္ဒါ
တို့လိုပဲ ကျင့်သုံးနေကြတယ်....
ညအိပ်လို့ရှိရင်...သူကလည်းပန်းကုံးတစ်ကုံး..ငါကလည်းပန်းကုံးတစ်ကုံး..အလယ်မှာထားပြီးတော့အိပ်တယ်
မနက်ကျတော့ ပန်းကုံးတွေ မညှိုးဘူးတော်ရေ့......
ဒုတိယအမျိုးသမီး။ ။ ညည်းတော့တယ်ဟုတ်ပါလား..မြတ်သောအကျင့်ကို
နေ့စဉ်နဲ့အမျှ ကျင့်နေကြတာ ကြည်ညိုစရာပဲပေါ့။
ဒါနဲ့နေပါဦး...ညည်းတို့ အလယ်မှာထားတဲ့ ပန်းကဘာပန်းလဲ လို့
မေးတော့
ပထမအမျိုးသမီး ။ ။ ပလတ်စတစ် ပန်းတွေပါ။
ပလတ်စတစ်ပန်းတွေကို အလယ်မှာထားပြီး အိပ်မှတော့ ပန်းတွေညှိုးပါဦးမလား....
မှတ်ချက်။ ။ ပိပလိလုလင်နဲ့ မယ်ဘဒ္ဒါတို့ကတော့..တကယ့် စံပယ်ပန်းတို့
မြတ်လေးပန်းတို့တကယ်ညှိုးတတ်တဲ့ပန်းတွေကို အလယ်မှာထားပြီးတော့ အိပ်တာပါ။
ဒါပေမယ့် ပန်းတွေ မညှိုးကြပါဘူး...
ဧည့်သည်
လင်မယားနှစ်ယောက် စကားများ ရန်ဖြစ်ပြီးကာစတွင် အိမ်ရှေ့မှ လူခေါ်ခေါင်းလောင်းသံ မြည်လာသည်။ ယောက်ျားလုပ်သူက တံခါးသွားဖွင့်ပေးသည်။
အပြင်တွင် ဓားမြှောင်ကိုင်ထားသော မျက်နှာဖုံးစွပ် လူတစ်ဦး ရပ်နေသည်။ ပြီးတော့ အသံအက်အက်ကြီးဖြင့် ယောက်ျားလုပ်သူအား ပြောသည်။
"ကျုပ်က လူသတ်သမားပဲ။ မိန်းမတွေကို လည်လှီးပြီး သတ်ပစ်ချင်တယ်"
ယောက်ျားဖြစ်သူက ထိုလူအား ဘာမှပြန်မပြောတော့ဘဲ အိမ်ထဲသို့ လှမ်းအော်သည်။
"မိန်းမရေ၊ ဟောဒီမှာ မင်းနဲ့တွေ့ချင်လို့တဲ့။ ဧည့်သည် လာတယ်ဟေ့။"
ပျော်ရှာမယ်
လက်ထပ်ပြီး သုံးလခန့်အကြာတွင်ဖြစ်သည်။ အလုပ်မှပြန်လာသော ယောက်ျားအား မိန်းမလုပ်သူက အိမ်ပေါက်ဝတွင် ထွက်ကြိုပြီး ပြောသည်။
"မောင် လောလောဆယ် နှစ်ယောက်ပဲ နေတဲ့ကျွန်မတို့ အိမ်လေးမှာ မကြာခင် သုံးယောက် ဖြစ်လာတော့မယ်"
ယောက်ျားဖြစ်သူ၏ မျက်နှာမှာ နူးညံ့ဝင်းထိန်သွားသည်။ ဇနီးသည်အား တယုတယ ပွေ့ဖက်လိုက်ရင်း ကောင်းတာပေါ့ကွာလို့ တိုးတိုးလေး ပြောသည်။ ဇနီးသည်က ၀မ်းသာအားရ ပြောသည်။
"မောင်ခုလို သဘောထားမျိုးရှိမှန်း သိလို့ရှိရင် နောက်အပါတ်ထဲဆို ကျွန်မတို့အိမ်မှာ လာနေမယ့် မေမေတော့ အရမ်းပျော်ရှာမှာပဲ "
အလေလိုက်တဲ့လ
သင်္ဘောတစ်စင်း မုန်တိုင်းမိပြီး နစ်မြုပ်သွားသည်။ လူတစ်ဦးမှာ ပျဉ်ချပ်တစ်ချပ်တွင် တွယ်ပြီး ပင်လယ်ထဲတွင် တစ်ရက်ကျော်ကြာအောင် မျောနေလေတော့သည်။ သို့သော်လည်း ကံကောင်းထောက်မပြီး ရေစီးကြောင်းက သူ့အား ကျွန်းတစ်ကျွန်းသို့ သယ်ဆောင်သွားသည်။ ထိုလူ ကမ်းပေါ်သို့ ဒယိမ်းဒယိုင် တက်လာချိန်တွင် သင်္ဘောနစ်စဉ်က ၄င်းနှင့် လူချင်းကွဲသွားသည့် ဇနီးဖြစ်သူကို တွေ့လိုက်ရသည်။ ခါးထောက်ပြီး ရပ်စောင့်နေသော ဇနီးဖြစ်သူက ၄င်းဘာမှမပြောနိုင်ခင် လှမ်းအော်သည်။
"(၂၄)နာရီလုံးလုံး ပျောက်နေရအောင် …. တော် ဘယ်နားသွားပြီး အလေလိုက်နေသလဲ ပြောစမ်း"
(လမင်းမောင် )
[b]

Permissions in this forum:
You cannot reply to topics in this forum
Thu Jul 16, 2009 12:05 am by nayhtooaung1992
» ကျွန်တော်အင်္ဂလိပ်စာလေ့လာချင်လို့
Thu Jul 09, 2009 9:01 am by nayhtooaung1992
» ဆရာတစ်ယောက်ရဲ့ ဆုံးမစကား
Sat Jan 03, 2009 1:54 am by Htinkyaw
» ကံ - ကံ၏အကျိုး
Thu Jan 01, 2009 9:12 am by Htinkyaw
» ခွင့်သာခိုက်မှ မလိုက်ချင်လျှင်
Thu Jan 01, 2009 9:11 am by Htinkyaw
» တွေးတောဆင်ခြင်လိုက်နာဖွယ်
Thu Jan 01, 2009 9:03 am by Htinkyaw
» တိုးတက်ရာလမ်းကြောင်း
Thu Jan 01, 2009 8:58 am by Htinkyaw
» ခံစားမိသော အချစ်ဒဿနလေး
Thu Jan 01, 2009 8:55 am by Htinkyaw
» တစ်ကိုယ်ကောင်းစိတ် မထားပါနဲ့
Thu Jan 01, 2009 8:52 am by Htinkyaw