Search
Log in
My Task Manager is greyed out and not enabled. How can I enable it?
Thu Jan 01, 2009 12:49 am by Htinkyaw
အောက်မှာဖော်ပြပေးထားတဲ့ ပုံအတိုင်း task bar ကို right click ထောက်တဲ့အခါမှာ
task Manger မပေါါ်လို့ရှိခဲ့လို့ ရှိရင် ဘာလုပ်ရမလဲဆိုတာလေးကို ဖြေရှင်းရအောင်....
[ Full reading ]

Comments: 0
တိုးတက်ရာလမ်းကြောင်း
Page 1 of 1
တိုးတက်ရာလမ်းကြောင်း
လူငယ်လူကြီးတိုင်း တိုးတက်ကြီးပွားလိုသော ဆန္ဒများကိုယ်စီရှိကြပါ၏…တိုးတက်ကြီးပွားဖို့နည်းလမ်းတွေလည်းရှာကြသည်…
လုပ်ဖို့ရန်လည်း ရည်ရွယ်ချက်တွေရှိကြသည်..တချို့တွေကနည်းလမ်းတွေအတိုင်းလိုက်နာ
အသုံးချနိုင်၊ ကြိုးစားခဲ့ကြ၍ အောင်မြင်မှုလှေကားထစ်ဆီသို့တက်လှမ်းနိုင်ကြပေပြီ အချို့တလေက နည်းလမ်းရှိတယ် မလုပ်သေးပါဘူး စောပါသေးတယ်ဟု အချိန်ကိုဆိုင်းငံတက်ကြလေသည်..”လက်ရှိအချိန်ထက်ကောင်းသော အချိန်မရှိ”ဟူသော
ဆောင်ပုဒ်ကို အလေးမထားဘဲ စောပါသေးတယ် ၊အခြေအနေနဲ့အချိန်အခါကိုစောင့်နေတာပါဟု ကိုယ့်ကိုကိုယ်ယုံကြည်လျှက်အပျင်းထူနေတက်သည်…..ထိုသူအများစုမှာ နောက်လူ၏ကျော်တက်ခြင်းကို ခံရတက်လေသည်…တချို့မှာကား အောင်မြင်မှု
ကိုလည်း မျှော်မှန်းခြင်းမရှိ “ဖြစ်ချင်ရာဖြစ်မောင်ဘချစ်”ဆိုပြီးဘ၀ကိုရေစုန်မျောတက်ကြလေသည်….
ထိုသူတို့အဖို့ တိုးတက်ဖို့ရာ ဝေလာဝေးလျှက် ..အခန့်မသင့်ရင်ဘ၀ပါပျက်သွားနိုင်ပေသည်…
ရည်မှန်းချက်နဲ့အသက်ရှင် အလုပ်လုပ်နေရသောဘ၀မှာ ရည်မှန်းချက်မရှိသောသူသည်
ပဲ့မပါသည့်လေလို လွင့်ချင်ရာလွင့် အထိန်းအကွပ်မဲ့နေပေမည်…
လူငယ်တိုင်း ရည်မှန်းချက်ကိုယ်စီရှိသင့်သည်…ဘ၀တိုးတက်ဖို့အတွက်လည်း လေ့လာသင်ယူစရာတွေ လိုအပ်သည်..ကိုယ်နဲ့ရင်းပြီးရတဲ့အတွေ့အကြုံထက်
တပါးသူတို့၏ အတွေ့အကြုံတွေများကို စူးစမ်းလေ့လာထားသင့်သည်..
ကိုယ်ချမှတ်တဲ့ ရည်မှန်းချက်များ ကတိများကိုတည်အောင် ဖြစ်မြောက်အောင်
လုပ်ဆောင် သင့်ပေသည်။ သူများတွေလုပ်နိုင်ရင် ငါလည်းလုပ်နိုင်ရမည်ဟူသော
ခံယူချက်ကိုထားကာဝီရိယကိုအရင်းတည်လျှက် ကြိုးစားသင်ယူရမည်…….
ရည်မှန်းချက်ကို အကောင်အထည်ဖော်စဉ် အားပေးအားမြှောက်ပြုကြသူတွေလညှ်းရှိ၏ အပြစ်တင်မနာလိုခြင်း စသော အနှောက်အယှက်ပေးသူများလည်းရှိပေးမည်…..
ဘယ်လိုဘဲဖြစ်ဖြစ် ကိုယ့်ဘ၀တိုးတက်ရာတိုးတက်ကြောင်းကို” စိတ်ကောင်းနှင့်ယှဉ်လျှက်
ရှေးရှုနှင်ရပေမည်“ ..တကြိမ်တခါရှုံးနိမ့်ရုံနှင့် စိတ်ပျက်အားလျော့မသွားသင့်ပါ…
“အကြိမ်၁၀၀ မြောက်ဆုံးရှုံးပြီးသော သူသည်၁၀၁ကြီမ်မြောက်မှာအောင်မြင်အောင်ကြိုးစားပါ”ဟူသောစကားပုံအတိုင်း
အောင်မြင်မှုပန်းတိုင် မရောက်မချင်းကြိုးစားသင့်လှပေသည်…
အချုပ်အားဖြင့် ကံဥာဏ်ဝီရိယ သုံးပါးကိုသုံး၍ ဘ၀ရဲ့တိုးတက်ရာလမ်းကြောင်းမှန်ကို
သတိတရားလက်ကိုင်ထား၍ အောင်မြင်စွာတက်လှမ်းကြပါလို့တွန်းအားပေးလိုက်ပါသည်

Permissions in this forum:
You cannot reply to topics in this forum
Thu Jul 16, 2009 12:05 am by nayhtooaung1992
» ကျွန်တော်အင်္ဂလိပ်စာလေ့လာချင်လို့
Thu Jul 09, 2009 9:01 am by nayhtooaung1992
» ဆရာတစ်ယောက်ရဲ့ ဆုံးမစကား
Sat Jan 03, 2009 1:54 am by Htinkyaw
» ကံ - ကံ၏အကျိုး
Thu Jan 01, 2009 9:12 am by Htinkyaw
» ခွင့်သာခိုက်မှ မလိုက်ချင်လျှင်
Thu Jan 01, 2009 9:11 am by Htinkyaw
» တွေးတောဆင်ခြင်လိုက်နာဖွယ်
Thu Jan 01, 2009 9:03 am by Htinkyaw
» တိုးတက်ရာလမ်းကြောင်း
Thu Jan 01, 2009 8:58 am by Htinkyaw
» ခံစားမိသော အချစ်ဒဿနလေး
Thu Jan 01, 2009 8:55 am by Htinkyaw
» တစ်ကိုယ်ကောင်းစိတ် မထားပါနဲ့
Thu Jan 01, 2009 8:52 am by Htinkyaw