Search
Log in
My Task Manager is greyed out and not enabled. How can I enable it?
Thu Jan 01, 2009 12:49 am by Htinkyaw
အောက်မှာဖော်ပြပေးထားတဲ့ ပုံအတိုင်း task bar ကို right click ထောက်တဲ့အခါမှာ
task Manger မပေါါ်လို့ရှိခဲ့လို့ ရှိရင် ဘာလုပ်ရမလဲဆိုတာလေးကို ဖြေရှင်းရအောင်....
[ Full reading ]

Comments: 0
ရှုံးတဲ့အခါလည်း ရှုံးပေမပေါ့
Page 1 of 1
ရှုံးတဲ့အခါလည်း ရှုံးပေမပေါ့
စပိန်နိုင်ငံကို ရောက်လာတဲ့ ကမ္ဘာလှည့် ခရီးသည် တစ်ဦးက လှလှပပ ပြင်ဆင် ထားတဲ့ စားသောက်ဆိုင် တစ်ခုကို ညစာ စားဖို့ ၀င်သွားပါတယ်။ တခြားသူတွေ စားဖို့ ပြင်ဆင်ယူလာတဲ့ ပန်းကန်များကို လေ့လာ ကြည့်လိုက် တဲ့အခါမှာ အင်မတန် လှပတဲ့ ပန်းကန်ပေါ်မှာ အသားတုံး နှစ်တုံးကို လှလှပပ ပြင်ဆင်ပြီး ယူလာတာ တွေ့ရပါတယ်။
စားပွဲထိုးက ဘာစားမှာလဲ လို့ ဧည့်သည်ကို မေးလိုက်တဲ့ အခါ သူက တခြားသူတွေ စားနေတဲ့ အသားတုံး နှစ်တုံးကို လက်ညှိုး ထိုးပြပြီး အဲဒါ ဘာလဲလို့ မေးကြည့်ပါတယ်။
စားပွဲထိုးက ကျွန်တော်တို့ စပိန်နိုင်ငံမှာ ကျွဲရိုင်းသတ်ပွဲ များကျင်းပပါတယ်။ ရှုံးသွားတဲ့ ကျွဲသေကို စားသောက်ဆိုင် ယူလာပြီး ကျွဲများရဲ့ ဝှေးစေ့ကို ကင်ပြီး စားသောက် အောင်ပွဲခံတာပါ လို့ရှင်းပြပါတယ်။ ဒီတော့ ခရီးသည်က အဲဒီ ကျွဲရိုင်းဝှေးစေ့ကိုပဲ စားမယ်လို့ မှာလိုက်ပါတယ်။ စားပွဲထိုးက ကျွဲရိုင်းဝှေးစေ့ ဒီနေ့အတွက် ကုန်သွားပြီ ဖြစ်လို့ နောက်နေ့မှ လာစားပါခင်ဗျာ လို့ ပြန်ပြောလိုက်ပါတယ်။ ခရီးသည်ကလည်း သဘောတူ ပါတယ်။
နောက်တစ်နေ့ စားသောက်ဆိုင်ကလည်း သူတို့ ကတိပေးထားတဲ့ အတိုင်း လှလှပပ ပြင်ဆင်ထားတဲ့ အသားတုံး နှစ်တုံးကို တည်ခင်းပေးပါတယ်။ ဒါပေမယ့် ခရီးသည် အနေနဲ့ မနေ့ကသူ တွေ့လိုက်ရတဲ့ အသားတုံးထက် အဆမတန် သေးငယ်နေတာ တွေ့ရတာမို့ မကျေမနပ်ဖြစ်ပြီး မနေ့က ကျွန်တော်တွေ့တာ အသားတုံးက တော်တော်ကြီးပါတယ်။ ဒီနေ့ ကျွန်တော့်ကို ဘာအတွက်နဲ့ သေးသေးလေး ပေးရတာလဲ လို့ မေးလိုက်ပါတယ်။ ဒီတစ်ခါ စားပွဲထိုးက တစ်ခါတလေ ကျွဲရိုင်းတွေလည်း နိုင်သွားတတ်ပါတယ် နောင်ကြီး လို့ ဖြေလိုက်ပါတယ်။

Permissions in this forum:
You cannot reply to topics in this forum
Thu Jul 16, 2009 12:05 am by nayhtooaung1992
» ကျွန်တော်အင်္ဂလိပ်စာလေ့လာချင်လို့
Thu Jul 09, 2009 9:01 am by nayhtooaung1992
» ဆရာတစ်ယောက်ရဲ့ ဆုံးမစကား
Sat Jan 03, 2009 1:54 am by Htinkyaw
» ကံ - ကံ၏အကျိုး
Thu Jan 01, 2009 9:12 am by Htinkyaw
» ခွင့်သာခိုက်မှ မလိုက်ချင်လျှင်
Thu Jan 01, 2009 9:11 am by Htinkyaw
» တွေးတောဆင်ခြင်လိုက်နာဖွယ်
Thu Jan 01, 2009 9:03 am by Htinkyaw
» တိုးတက်ရာလမ်းကြောင်း
Thu Jan 01, 2009 8:58 am by Htinkyaw
» ခံစားမိသော အချစ်ဒဿနလေး
Thu Jan 01, 2009 8:55 am by Htinkyaw
» တစ်ကိုယ်ကောင်းစိတ် မထားပါနဲ့
Thu Jan 01, 2009 8:52 am by Htinkyaw