Lover of Literature
Would you like to react to this message? Create an account in a few clicks or log in to continue.
Search
 
 

Display results as :
 


Rechercher Advanced Search

Navigation
 Portal
 Index
 Memberlist
 Profile
 FAQ
 Search
Affiliates
free forum
 
April 2024
MonTueWedThuFriSatSun
1234567
891011121314
15161718192021
22232425262728
2930     

Calendar Calendar

Log in

I forgot my password

RSS feeds


Yahoo! 
MSN 
AOL 
Netvibes 
Bloglines 


My Task Manager is greyed out and not enabled. How can I enable it?

Thu Jan 01, 2009 12:49 am by Htinkyaw

အောက်မှာဖော်ပြပေးထားတဲ့ ပုံအတိုင်း task bar ကို right click ထောက်တဲ့အခါမှာ
task Manger မပေါါ်လို့ရှိခဲ့လို့ ရှိရင် ဘာလုပ်ရမလဲဆိုတာလေးကို ဖြေရှင်းရအောင်....
တစ်ကိုယ်ကောင်းစိတ် မထားပါနဲ့ …

[ Full reading ]

Comments: 0


တစ်ကိုယ်ကောင်းစိတ် မထားပါနဲ့

Go down

တစ်ကိုယ်ကောင်းစိတ် မထားပါနဲ့ Empty တစ်ကိုယ်ကောင်းစိတ် မထားပါနဲ့

Post  Htinkyaw Thu Jan 01, 2009 8:52 am

"ညီလေး လောကကြီးမှာ ကိုယ်ရည်မှန်းချက်ကို အောင်မြင်အောင် လုပ်တဲ့အခါ တစ်ကိုယ်ကောင်းဆန်တဲ့စိတ် မထားနဲ့ တစ်ကိုယ်တော် စိတ်ဓါတ်ထားတဲ့ "

အစ်ကိုကြီး တစ်ယောက်က ကျွန်တော့်ကို ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းပါ။ကျွန်တော်ဘာသာ သူ့စကားကို သေချာ ပြန်စဉ်းစားတယ်။ သူဘာကိုဆိုလိုတယ် ဆိုတာကိုပေါ့၊ သူ့စကားကိုစဉ်းစားပြီးတဲ့ အချိန်ကစပြီး ဒီစကားကို ကျွန်တော့်ဘ၀မှာခံယူကျင့်သုံးမယ်လို့ ဆုံးဖြတ်ထားခဲ့တယ်။ ကျွန်တော့်ရဲ့ ဘ၀ နေထိုင်နည်း အခြေခံ လမ်းညွှန်ချက်ဖြစ်လာတယ်။

လောကကြီးရဲ့ နေရာတိုင်း၊အဖွဲ့အစည်းတိုင်းမှာ တစ်ကိုယ်ကောင်းဆန်တဲ့သူတွေကို လူတိုင်းတွေ့ဖူးကြမှာပါ။ ကိုယ်အတွက်၊ ကိုယ်မိသားစု အတွက်ပဲ ကြည့်ပြီး၊ တခြားလူတွေ အခက်အခဲဖြစ်မှာကို တစ်ကိုယ်ကောင်းဆန်စွာ သိသိကြီးနဲ့ လုပ်နေကြတဲ့ လူတွေကို တွေ့ရရင် တော်တော်စိတ်ပျက်စရာ ကောင်းပါတယ်။ဒီလိုလူတွေနဲ့အလုပ်တွဲလုပ်ရင် တော်တော် စိတ်ညစ်ရတယ်။ ခက်နေတာက အဲလို လူတချို့ကလဲ အရေးပါနေတဲ့ လူတွေ ဖြစ်နေတတ်တာပဲ။

တစ်ကိုယ်တော်စိတ်ဓါတ် ဆိုတာ တခါတလေ လူအများစု မလုပ်ရဲတဲ့ အလုပ် ကိုတစ်ယောက်ထဲ လုပ်ရဲတဲ့စိတ်ဓါတ်(သို့) အများစုနဲ့ဆန့်ကျင်ပြီး ကိုယ်မှန်တယ်ထင်တဲ့ အလုပ်ကိုတစ်ယောက်ထဲ လုပ်ရဲတဲ့စိတ်ဓါတ် လူအများက မဖြစ်နိုင်ဘူး မမှန်ဘူးလို့ထင်နေတဲ့ အယူအဆတစ်ခုကို ကိုယ်က မှန်တယ် ထင်ရင် ကိုယ်တစ်ယောက်ထဲ လိုက်နာကျင့်သုံးတဲ့ စိတ်ဓါတ်ပါပဲ။

လူဆိုတာအများကို ဆန့်ကျင်ပြီး ပြောရမှာလုပ်ရ မှာကို အင်မတန် ၀န်လေးတတ်ကြတယ်။ အမြဲတမ်း ဆန့်ကျင်ရမယ် လို့ ကျွန်တော် မပြောပါ။ စိတ်ကူးကောင်းတွေ အတွေ့အကြုံ ကောင်းတွေ ရှိပါရဲ့နဲ့အများစုကို ဆန့်ကျင်ရမှာ ကြောက်ပြီး တစ်ယောက်ထဲမို့ မလုပ်ရဲ မပြောရဲတဲ့လူတွေကို တွေ့နေလို့ပါ။ အဖွဲ့အစည်းနဲ့ အလုပ်လုပ်ကြဖူးတဲ့ သူတိုင်း ကျွန်တော်ပြောမဲ့ အခြေအနေမျိုးကို တွေ့ကြုံခွံစားဘူးကြမှာပါ။ ကိုယ့်မှာသတင်း အချက်အလက် အမှန်တွေ ရှိရဲ့သားနဲ့ လူကြီးကို လန့်ပြီး လူအများစုက ငြိမ်နေတော အထက်လူကြီးကို မတင်ပြရဲတဲ့ လူတွေ တွေကြဖူးမှာပါ။ ဒီတော့ မဖြစ်သင့်တဲ့ အခြေအနေဆိုး တွေဖြစ်လာ ရောပေါ့။ ဒီလို နေရာ တွေမှာတစ်ကိုယ်တော်စိတ်ဓါတ် ထားရမှာပေါ့၊ ဒီတော့ဗျာ ခင်ဗျားတို့ ကျွန်တော်တို့ဟာအလုပ်တစ်ခုကို လုပ်တော့မယ် ဆိုရင် တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်တွေဖျောက်ပြီး တစ်ကိုယ်တော်စိတ်ဓါတ်တွေ ထားဖို့ လိုတာပေါ့။ မိတ်ဆွေ တန်ဖိုးရှိတဲ့ ဘ၀တစ်ခုကို ပိုင်ဆိုင်သွားချင်ရင်တော့ တစ်ကိုယ်တော်စိတ် တွေမွေးလိုက်စမ်းပါ။
ကိုလွင်မင်း (အညာမြေ)

Htinkyaw
Admin

Male
Number of posts : 25
Age : 38
Location : russia
Registration date : 2008-12-31

http://loverbook.heavenforum.com

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum